ချယ်ရီ Chery QQ3 ဆိုတဲ့ ကား ကလေးတွေ အစဉ်း 1000 စက်မှု ၀န်ကြီးဌာန ကသွင်းလာပါတယ်။ ကမ္ဘာအေး ဘုရားလမ်းမှာ အရင်လာ အရင်စနစ်နဲ့ ရောင်း ချလိုက်တာ ရက်ပေါင်း ၂၀ အတွင်း ရောင်း လို့ ကုန်သွားပါတယ်။ နောက်ထပ် ထပ်မှာယူထားတယ်လို့ သိ၇ပါတယ်။
သည်ကားငယ်လေးတွေက ဆလင်ဒါ ( ၃ ) လုံး ၈၀၀ စီစီ ရှိပြီး ရှေ့ဘီးမောင်း ရှေ့ယက် ကားကလေးတွေပါ။ သည်ကားလေးတွေက 2003 မိုဒယ် ပုံစံ လေးတွေ ဖြစ်ပါတယ် လေအေးစက် ပါပါတယ်။
မြန်မာပြည်မှာ တပ်ဆင်တဲ့ ကား ချယ်ရီ မီနီ နဲ့ အနည်းငယ်ကွာပါတယ်။ တရုပ်က အစီး လိုက် ၀င်တဲ့ ကာူးက ဘီးခွေ အလွိုင်း ပါပါတယ်။ အီလက်ထရွန်နစ် အင်ဂနစ်တာ အက်ဂနစ်ရှင်းပါ။ မိုင်း လင့် အိုဒို မီတာ လည်း အီလက်ထရွန်နစ် အယ်လစီဒီပါ။ အင်ပီ ( ယူအက်စ ဘီ ပလေယာ ) ပါပါတယ်။
အခုရက်ပိုင်း ၀င်တဲ့ ယာဉ်တွေကို ၇ဂ ( ခွန်နစ် ဂငယ် ) ပေးပါတယ်။
ဆီ စားနှုန်းကတော့ အတော် သက်သာမှာပါ ၈၀၀ စီစီ ဆိုတော့ ဟိုယခင်က ဖင်မလီယာ အင်ဂျင်အရွယ်ပါပဲ ၊ သို့သော်ခေတ်မီ နည်းပညာ ခေတ် ဖြစ်တာမို့ လေအေးစက်လည်း သုံးနိုင်ပြီး ပစ်စတင် ဆလင်ဒါ ၃ လုံး နဲ့ တည်ဆောက်ထားတာမို့ အဆွဲ အရုန်း တောင် ပို သာပါတယ် တဲ့။
မြန်မာ့မော်တော်ယာဉ် ဈေးဝယ်လမ်းညွှန်
Sunday, January 1, 2012
Friday, December 9, 2011
မဟာမြိုင် ကားပွဲရုံ
မဟာမြိုင် ကားပွဲရုံကို သစ္စာရှိရှိ သိက္ခာရှိရှိ ဂုဏ်ရှိရှိ ရောင်းဝယ်ချင်သူ များအတွက် ဖွင့် လှစ်လိုက်ပြီ ဖြစ်ပါတယ်။ မဟာမြိုင် ကားပွဲရုံမှာ မော်တော်ယာဉ် တင်သွင်းတဲ့အလုပ်။ မော်တော်ယာဉ်မှာပေးတဲ့ အလုပ်။ မော်တော် ယာဉ်ရောင်းမှား ၀ယ်မှားဖြစ်စေမယ့်အလုပ် “ လုံးဝ ( လုံးဝ ) မလုပ် ”” ပါ။
အရပ်သား အမည်ပေါက် နံပါတ် ထွက် ပြီး ယာဉ် များကိုသာ ရောင်း ချမှာ ဖြစ်ပါတယ်။ ရောင်းသူ ရောင်းချင်တဲ့ဈေး ။ ၀ယ်သူ ညှိနှိုင်းတဲ့ဈေး ဈေးပြတ်လျှင် ကားကြိုက်လျှင် က.ည.န မှာ စစ်ဆေးပြီးမှ ၀ယ်ယူပါ ““ ယာဉ် စစ်ဆေး ခံ ”” ပြီး ရောင်းချပါတယ်။ ၁၀၀ ရာခိုင်နှုန်း အာမခံတယ်။

- ရောင်းလိုသောကား အမျိုးအစား သို့ မဟုတ် ဓါတ်ပုံကို မိမိ တို့ ၏ ကြော်ငြာ website မှာ တင်ထားပေးပါမယ်။ ရောင်းသူနဲ့ ၀ယ်သူတွေ့ ပြီး ရောင်းရုံ ၀ယ်ရုံပါပဲ။
- ရောင်း လိုသူများဟာ မိမိတို့ ရောင်း လိုတဲ့ ယာဉ် / ကားကို ဖေါ်ပြပြီး
- ရောင်းဈေး ( အတို ) ဥပမာ 100 115 120 ( မဖေါ်ပြလျှင်လည်း ရပါတယ်။ ) အချက်အလက် ရေးတင် ခ ကို 100 မှ 150 3000 ကျပ်။ 300 မှ 400 အထိကို 5000 ကျပ်
- ရောင်း လိုသူအတွက် ကားထိန်းသိမ်း စောင့် ရှောက်မှု မှ အစ ယာဉ်ကို တသသ ပြုလုပ်ပေးတာ အဆုံး တစ်လ ( ရက် ၃၀ ) အတွက် ( 30000 / ကျပ် ) ပဲ ယူပါတယ်။
- အကျိုးဆောင် ပေးရလျှင် 0.5 ရာခိုင်နှုန်း သိန်း 100 လျှင် 50000 မျှ သာ ယူပါတယ်။
- ၀ယ်မည့်သူအား အကျိုးဆောင်ခ မယူပါ စီးသွားလာရန်ယာဉ်။ နေရန် ဟိုတယ်။ အဆောင် စီစဉ်ပေးပါသည်။
2011 မော်တော်ကား တာစားသောနှစ်
2011 ဟာမော်တော်ယာဉ်တာစားသောနှစ်ပါ မော်တော်ယာဉ် အို ယာဉ်ဟောင်း ပိုင်ရှင်တွေ ယာဉ်သစ် ယာဉ်ကောင်း တွေ ရတဲ့ နှစ်ပါပဲ။ လွန်ခဲ့သော ခေတ် ၂ခေတ် စလုံူး နျစ် ၅၀ နီးပါး ယာဉ်အို ယာဉ်ဟောင်း ဆိုရင် ပယ် ပစ် ဖျက်သိမ်း ပစ်လိုက်တာပါပဲ။
အခုကျတော့ ယာဉ်အသစ် လဲနှိုင်ဖို့ ပါမစ် ထုတ်ပေး တာဆိုတော့ အနည်းဆုံး သိန်း ၁၀၀ လောက် ပြန်ရကြပါတယ်။ သည့်အပြင် စက်မှု ၀န်ကြီး ဌာနက ထုတ် တဲ့ ချယ်ရီ မီနီ နဲ့ ချယ်ရီ ၀က်ဂွန် QQ3 ( တရုတ် ပြည်မှ တိုက်ရိုက် တင်သွင်း ကား ) တွေ လည်း အစင်းရေ 1000 ကျော် ရောင်းချ ပြီး ဖြစ်ပါတယ်။

Thursday, November 17, 2011
တိုက်ကြ မှောက်ကြ ကားသမား ဘဝ
သည်ရက်ထဲမှာတော့ ကားမှောက်ကြ တိုက်ကြ တော်တော်များများ ဖြစ်တာတွေ့ ရပါတယ်။
ရန်ကုန်မန္တလေး အဲယားကွန်း မှန်လုံယာဉ် အဖြစ်ကတော့ အဆိုးဆုံးပါပဲ။
ခရီးသည် ( ၉ ) ဥိး ပွဲခြင်းပြီး ဆုံးခဲ့ပါတယ်။
ယာဉ်တိုက် မှု ယာဉ်တိုက်မှုတွေ ထဲမှာ ည ဘက်ထွက်တဲ့ ကား နံနက် လင်းအားကြီးအချိန် ယာဉ်မောင်း
အိပ်ငိုက်တာကြောင့် မှောက်ရတဲ့ အမှု အများဆုံးပါ။ လမ်းရျည်ရင် ရှည်သလောက် ယာဉ်မောင်းဟာ
အေးလည်းအေး ငိုက်လည်းငိုက်လာပြီး လမ်းဘေး တိုက် မှောက်တာရယ် မျက်နှာချင်းဆိုင် ယာဉ်နဲ့ တိုက်တာရယ် ဖြစ်ကြတာပါပဲ။
ညကားမောင်းသူ ယာဉ်မောင်း အားလုံးဟာ နေ့ အိပ်ကြရပါတယ်။ နေ့မှာ ကောင်းစွာ မအိပ်ရတဲ့ ယာဉ်မောင်း မောင်းနှင်ရင် အိပ်ငိုက်ပြီး ဒုက္ခ ရောက်ပါမယ်။
ယာဉ်လိုင်း ပိုင်ရှင်တွေ နဲ့ ကြီးကြပ်သူများဟာ သည်လို နံနက်လင်းအားကြီး အချိန် ယာဉ်မောင်း မငိုက်အောင် ည ယာဉ်မောင်းများ နေ့ အချိန် ကောင်းစွာ အိပ်နိုင်အောင် ဆောင်ရွက်ပေးသင့်ကြောင်း အကြံပေးလိုပါတယ်။
မီးလောင်တတ်တယ် ပေါက်ကွဲတတ်တယ်။
ပြီးခဲ့တဲ့ လထဲမှာ အငှားယာဉ် တိုက်စီ အတွင်း ပိုင်းမှာ ပေါက်ကွဲမှု ဖြစ်ပြီး ယာဉ်မောင်း သေဆုံးတာ သိရပါတယ်။ နောက်ဆက်တွဲ သတင်းကတော့ ဘာမှ မကြားရပေတဲ့ ကားက ဂက်စ်ကား ဖြစ်ပြီး
ဂက်စ်က စပြီးပေါက်ကွဲတာ ဂက်စ်အိုး ပေါက်ကွဲတာ မဟုတ်ဘူးလို့ သိရပါတယ်။
သံလျှင်လိုင်းကား မီးငြိမ်းသတ်ရာမှ ပေါက်ကွဲမှုထပ်ဖြစ်။

Sunday, October 23, 2011
ကြို ပို့ နဲ့ လေးဘီး ကား အစား ထိုး စင်းလုံးငှား လုပ်ငန်း လိုင်စင်
ပတ်ဘလစ်ကာ ဆန်နီ လို့ ခေါ် တဲ့ ပစ်ကပ် ကားတွေ စင်းလုံးငှား လိုင်စင် တွေ ရုပ်သိမ်း အပြီးမှာ စင်းလုံးငှား လူစီးကုန်တင် လို့ ရတာ ဆိုလို့ လေးဘီး ကားပဲ ကျန်တော့ တယ်။ လေးဘီး ပစ်ကပ် ဘီ ၆၀၀ ဘီ ၃၆၀ ကလည်း အခု မကြာခင် နှစ် ၄၀ နှစ် ၃၀ နဲ့ သွားကြရတော့မယ် ဆိုတော့ ကျောင်းသားတွေ သုံးတဲ့ ကျောင်းကား ဈေး သည်တွေ ကြိုတဲ့ ဈေးကြို ကား ။ မောင်း ရောင်း တွေ နဲ့ ကုန်တွေ သယ်ပို့ ရောင်းချ ကြရတဲ့ ဈေးရောင်းကား တွေ အဖြစ် တောင်းအေ့စ် ပစ်ကပ် ( လိုက်ထရပ်စ ) ယာဉ်တွေ မြန်မာပြည်က ထုတ် တွေ ကို သုံးလာပါတယ် ( ထုတ်တယ်ပဲ ဆိုကြပါတော့ ဗျာ သိသိကြီး နဲ့ ကြောင်ရတာ ကျတော့ ပါးစပ်ယား ပါတယ် ) 1000ကေဂျီ ကားတွေ ပေါ့ဗျာ ။
အဲသည်ကားတွေ ကို လုပ်ငန်ူး လိုင်စင် က ခ ဂ ဃ င စ မပေး ( မထုတ်ပေး ပဲ နဲ့ ) ဘယ်လိုများ အသုံးပြုခွင့်တွေ ရနေကြသလဲ ဗျာ။ ဒါတွေ ဟာ ထိထိ ရောက်ရောက် ဖြစ်ဖြစ် အလျင်အမြန် ဖြစ်ဖြစ် ဆောင် ရွက်သင့်တဲ့ လုပ်ငန်း မျိုးတွေ မဟုတ် ဘူးလားဗျာ ။ အပြစ်ဖြစ် နေလို့ အပြစ် ဖြစ်နေတဲ့ ကိစ္စတွေ ကို ဥပဒေနဲ့ အညီ ဖြစ်အောင် စီမံ ခန့်ခွဲမှုတွေ လုပ်ဖို့ မလိုဘူးလားဗျာ ။ ဥပဒေ အတိုင်း သူ့အစီအစဉ် နဲ့ သူ လိုင်စင် ထုတ်ပေး လိုင်စင် ကို ဥပဒေ နဲ့ အညီ အသုံးပြုခွင့် ပေးလိုက်မှ သုံးကြသူတွေ လည်း ( အလုပ် လုပ်စား သူတွေ လည်း ) ဥပဒေနဲ့ အညီ ဖြစ်ကြမှာပေါ့ သည်တော့ ပို့ ဆက် ရှိသေးတယ် လုပ်ငန်း လိုင်စင် ရှိသေးတယ် ဆိုရင်လည်း ဥပဒေ အရ လုပ်ငန်းလိုင်စင်တွေ ခွင့်ပြုပေးသင့်တယ် လို့ .......

ကြားရတဲ့ သတင်း နဲ့ ဖြစ်နိုင်ခြေ
ကြားရတဲ့သတင်းက မြန်မာပြည်အတွက်တော့ ဆန်းနေမှာပါ ဒါပေမယ့် သည် ကိစ္စက မြန်မာပြည်က လွဲရင် မထူးဆန်းတော့ပါ။ အာရျ နိုင်ငံများမှာ မြန်မာပြည်က ကားသုံး အနည်းဆုံးလောက်ဖြစ်နေပါသေးတယ်။ မြန်မာပြည်က ကားအရေအတွက် ဟာ ထိုင်းနိုင်ငံမှာ ဆိုရင် တစ်နှစ် ထုတ် တဲ့ ကားလောက်ပဲ ရှိပါတယ်။ ကားဈေးကျတော့ ဘာကြီးသလဲ မမေးနဲ့ ကားဟောင်း တောင် သိန်း 2000 ( ဒေါ်လာ 3 သိန်း လောက် တန်နေတယ် လေ .. လင်ခရူဇာပြောတာ )
ဒါနဲ့ ပြောမယ့်စကား ဘေးရောက် တော့မယ်။
အဲ ဘာတဲ့ ကြားရတဲ့ သတင်း
ကြားရတဲ့ သတင်းက အခု 2011 ကုန် 2012 မှာ ယာဉ်အိုယာဉ်ဟောင်းဘ၀ပြောင်း အနည်းဆုံး အလွန်ဆုံး 10 နှစ်လောက်ပဲ သက်တန်း ရှိတော့ မယ့် ယာဉ်တွေ ၀င်လာတော့မယ်လေ။
အားလုံးအတွေ့ အကြုံအရ ဘယ်သူကမှ လည်ူး အဲသည် ကားအကောင်းစား တွေကို အင်ဂျင်ပြောင်း လိုက် ဂီယာပြောင်းလိုက် အလုံးချိန်း လိုက် လုပ်နေမှာ မဟုတ်ဘူး ( နှစ်စဉ် နှစ် လဲ လိုင်စင် ၀င်နေတာပဲ သိတယ် မဟုတ်လား ) အားလုံးက 1995 အထက်တွေ လေ 2000 တွေ ကနေ 2005 လောက်ကားတွေ ဘာမှ တောင်အရာမယွင်းသေးဘူး ( သို့ သော် လူတတ် ကြီး သားသမီး များ သွင်း လာတဲ့ တရုတ် ဘတ်စ် ကြီး များ ကို တော့ မဆိုလို့ )
အဲသည်လို ကောင်းနေတဲ့ သန့် နေတဲ့ ကားတွေ ကို လိုင်စင်စစ်နေမယ်ဆိုရင် အချိန် ဖြုန်း မွေဖမ်း စာရွက်ကုန် ရုံရှိမပေါ့ ။( ငွေကုန်တာကတော့ ပိုင်ရှင်ကုန်တာလေ ။ ) ။ အဲသလိုသာစစ်နေမယ်ဆိုရင် ကားကလည်း ကောင်းနေတော့ ပိုက်ဆံလည်း ရစရာမရှိ ယာဉ်စစ် အင်ဂျင်နီ ယာ ခမြာ လက်မှတ် အလကား ထိုး နေရမှာပေါ့ ။ အေးဗျာ သည်တော့ ခေတ်မီ နိုင်ငံ တွေမှာလို စက်ပြင် လုပ်ငန်း အသိအမှတ်ပြု စက်ဆရာ ထောက်ခံ ရင် လိုင်စင်နှစ်လဲ ရတော့ မယ်လေ ။ ငါးနှစိလိုင်စင် ဆိုလား သုံး နှစ် လိုင်စင် ဆိုလား ပေးတော့ မယ် တဲ့ ဗျ။
အမှန်ကတော့ ယာဉ် ထိန်း လုပ်ငန်း ဆိုတာ ကျယ်ပြန့် လာတော့မှာ။
ယာဉ်တွေ မြို့ နဲ့ ကြပ်နေ မနေ ( မြို့တော် စည်ပင် ကလေ့လာ သုံးသပ်ချက်တွေ )
ယာဉ် အရေအတွက် ယာဉ်အရွယ်အစား လမ်းပိတ်ဆို့မှုတွေ
စည်းမဲ့ ယာဉ် ပြဿနာတွေ ( နံပါတ်မမှန် နံပါတ်တု လိုင်စင်မဲ့ လိုင်စင်တု အယောင်ဆောင် )
နံပါတ်ပြားကို မမြင်နိုင်အောင် ဖုံးထားတာတို့ တမင် တလုံးဖျက်ထားတာလို့ ပလပ်စတစ်နံပါတ်ပြားတို့
နယ်ကားနဲ့ နံပါတ်တူ ၀ိတက် အ၀ိုင်းတု ကားတို့ ကို ဖမ်းရ စစ်ဆေးရမှာပါ။
နောက်တစ်ခါ
ပိုက်ဆံရလို့ လာဘ်လာဘ ရလို့ ငွေ ပေးလို့ လွှတ်လိုက်တဲ့ ကား လွှတ်လိုက်တဲ့ ရဲ ၀န်ထမ်း။
မီးပွိုင့်မှာ လုပ်ချင်တာလုပ် လို့ ရအောင် ငွေပေးတဲ့ ကားသမား လိုင်းကြေး တောင်းတဲ့ ယာဉ်ထိန်းပွိုင့်
သည်လို ကားတွေ သည်လို ယာဉ်ထိန်းတွေ မရှိရင် ဘာဖြစ်မလဲ တိတိ ကျကျ အမှန် အကန် လုပ်ရင်
လမ်းပေါ်မှာ လမ်းအသုံးပြုသူတွေ ခရီးသွားတွေ အသက်ဘေးအန္တရာယ်တွေ ကင်းကြမှာပါ။
ကညန တို့ ယာဉ်ထိန်း တို့ တာဝန်က ခရီးသွား လမ်းအသုံးပြုသူ လမ်းပေါ်ကလူတွေ ဘေး အန္တရာယ် ကင်း ဖို့ ပဲ မဟုတ်လား ။ ကားသမားတွေ ပေးတဲ့ တန်စိုးလက်ဆောင် ကိုယူပြီး လမ်းပေါ်က လူတွေ
အပေါ် မတရားတာတော့ မလုပ်စေချင် ဘူးဗျာ။

ကားလိုင်စင်ဝင်၇တာ အလွယ်ဆုံး အချိန် ပါပဲ ဗျာ
20-10-2011 နေ့က ရန်ကုန် မြင်သာ ကညန မှာ လိုင်စင် သွားဝင်ပါတယ်။ ကားက ပြည်တွင်းဖြစ် စစ်စစ် ဖြစ်တဲ့ ရှမ်းစတား ။ သည်လ သည်ရာသီမှာ ရှမ်းစတား တွေ ပြည်တွင်းဖြစ်တွေ လိုင်စင်ဝင်တဲ့အချိန် ပေါ့ ။
လိုင်စင် အမည်ပေါက် တဲ့ သူ လည်း မလို ဘူး လာရောက်ဆောင်ရွက်တဲ့ သူရဲ့ မှတ် ပုံတင်ပဲ လိုတယ်။ ရဲမှု ကင်းရှင်းကြောင်း ၅၁ လမ်း ထောက်ခံချက် လည်း မလိုဘူး။ မနှစ်က ဆိုရင် ယာဉ်ထိန်း ထောက်ခံချက် ရော ပိုင်၇ှင် ကိုယ်တိုင် သို့ မဟုတ် လွှဲစာ ကော လိုပါတယ်။
သည်လို လွယ်လွယ်ကူကူ ဖြစ်ရတဲ့အကြောင်း မေးကြည့်ပြန်တော့ ဒါက ကျုပ်တို့ မြန်မာ့ စတိုင်လေ တစ်လ 2 ခါလောက်ပြောင်းချင်ပြောင်းမယ်။ ဒီနေ့နဲ့ နက်ဖြန်လည်း မတူဘူး အခုလို လွယ်နေတယ် မို့ ၀မ်းမသာ နဲ့ နောက် ၂ ရက် ၃ ရက် ကျ ရင် သတ်မှတ်ချက် က တစ်မျိုးပြောင်းမှာ ဒါ မြန်မာ ဆိုလို့ အေးလေ ဟုတ်သားပဲ ဒို့ မြန်မာနိုင်ငံမှာ မရဘူး ဆိုရင် ရတယ် ။ ရတယ် ဆိုရင် မရ ဘူး လို့ မှတ် ဆိုတဲ့ ပွဲစားစကားလေး များကို မှတ်သားရင်း မနက် ၈း၃၀ မှာ လိုင်စင်ဝင်ပြီး ၁၀း၃၀ တိတိ မှာ ၀ိတက် ( ဘီးခွန် ရော စာအုပ်ပါ ) ထွက် လိုင်စင် အပြီးရခဲ့ ပါတယ်။
အော် ပြောရဦးမယ်။ အဲသည်နေ့က ကားလိုင်စင် ၀င် ဖို့ တန်းစီ ထား တာ ဆိုလို့ 1 2 3 4 5 အော် လက် တစ်ဖက်က လက်ချောင်းတောင် မပြည့်ပါလားနော် ။ နောင် ဆိုရင် နိုင်ငံခြားမှာ လို စာတိုက်ကနေ သက်ဆိုင်ရာ ၀ပ်ရှော့ ထောက်ခံချက် နဲ့ လိုင်စင် သစ် ယူ ကြတော့ မလား မသိပါဘူးနော်။
အမှန်တစ်ကယ်ပြောရရင် ကျွန်တော် စိတ်ချမ်းသာရပါတယ် ။ ကျွန်တော် ကသည်နှစ် ကားကို လည်း ဆေး သေသေချာချာသုတ်သွားတယ် တာယာကလည်း အသစ် ။ ခေါင်းမော့ ပြီး ၀င် မယ်လို့ စိတ် ကူး လာခါမှ ဗျာ အင်ဂျင် ( စက် ) တောင် ခဲ မခြစ်တဲ့ အပတ် နဲ့ ကြုံ ရတယ်ပေါ့။
စိတ်ချမ်းသာတယ်ဆိုတာက သည်လို မြန်ဆန်တာပါ။ မှန်ကန်တာက ကညန ရဲ့ အလုပ်ပါ လုပ်ထုံးလုပ်နည်းပါ ကျွန်တော်တို့ မှန်ကန်မှု ကို သူတို့ စံ နဲ့ ယူရမှာပေါ့ အဲ မြန်ဆန်တာကတော့ ပေးသင့်ပေးထိုက်အောင် မှန်ကန် နေပြီ ဆိုရင် ဘာကြာနေစရာ လိုသလဲဗျာ မှန်ကန်ရင် မြန်ဆန် ကြမှာပေါ့ ဒါမှ လူသာဓု နတ် သာဓု ခေါ်ရမှာလေ။ မမှန်မကန်လို့ ရီဂျက် ထိတာ ပြဿနာတက်တာ ကတော့ သူ့ အပြစ် ကိုယ့် အပြစ် လေ။

Subscribe to:
Comments (Atom)