20-10-2011 နေ့က ရန်ကုန် မြင်သာ ကညန မှာ လိုင်စင် သွားဝင်ပါတယ်။ ကားက ပြည်တွင်းဖြစ် စစ်စစ် ဖြစ်တဲ့ ရှမ်းစတား ။ သည်လ သည်ရာသီမှာ ရှမ်းစတား တွေ ပြည်တွင်းဖြစ်တွေ လိုင်စင်ဝင်တဲ့အချိန် ပေါ့ ။
လိုင်စင် အမည်ပေါက် တဲ့ သူ လည်း မလို ဘူး လာရောက်ဆောင်ရွက်တဲ့ သူရဲ့ မှတ် ပုံတင်ပဲ လိုတယ်။ ရဲမှု ကင်းရှင်းကြောင်း ၅၁ လမ်း ထောက်ခံချက် လည်း မလိုဘူး။ မနှစ်က ဆိုရင် ယာဉ်ထိန်း ထောက်ခံချက် ရော ပိုင်၇ှင် ကိုယ်တိုင် သို့ မဟုတ် လွှဲစာ ကော လိုပါတယ်။
သည်လို လွယ်လွယ်ကူကူ ဖြစ်ရတဲ့အကြောင်း မေးကြည့်ပြန်တော့ ဒါက ကျုပ်တို့ မြန်မာ့ စတိုင်လေ တစ်လ 2 ခါလောက်ပြောင်းချင်ပြောင်းမယ်။ ဒီနေ့နဲ့ နက်ဖြန်လည်း မတူဘူး အခုလို လွယ်နေတယ် မို့ ၀မ်းမသာ နဲ့ နောက် ၂ ရက် ၃ ရက် ကျ ရင် သတ်မှတ်ချက် က တစ်မျိုးပြောင်းမှာ ဒါ မြန်မာ ဆိုလို့ အေးလေ ဟုတ်သားပဲ ဒို့ မြန်မာနိုင်ငံမှာ မရဘူး ဆိုရင် ရတယ် ။ ရတယ် ဆိုရင် မရ ဘူး လို့ မှတ် ဆိုတဲ့ ပွဲစားစကားလေး များကို မှတ်သားရင်း မနက် ၈း၃၀ မှာ လိုင်စင်ဝင်ပြီး ၁၀း၃၀ တိတိ မှာ ၀ိတက် ( ဘီးခွန် ရော စာအုပ်ပါ ) ထွက် လိုင်စင် အပြီးရခဲ့ ပါတယ်။
အော် ပြောရဦးမယ်။ အဲသည်နေ့က ကားလိုင်စင် ၀င် ဖို့ တန်းစီ ထား တာ ဆိုလို့ 1 2 3 4 5 အော် လက် တစ်ဖက်က လက်ချောင်းတောင် မပြည့်ပါလားနော် ။ နောင် ဆိုရင် နိုင်ငံခြားမှာ လို စာတိုက်ကနေ သက်ဆိုင်ရာ ၀ပ်ရှော့ ထောက်ခံချက် နဲ့ လိုင်စင် သစ် ယူ ကြတော့ မလား မသိပါဘူးနော်။
အမှန်တစ်ကယ်ပြောရရင် ကျွန်တော် စိတ်ချမ်းသာရပါတယ် ။ ကျွန်တော် ကသည်နှစ် ကားကို လည်း ဆေး သေသေချာချာသုတ်သွားတယ် တာယာကလည်း အသစ် ။ ခေါင်းမော့ ပြီး ၀င် မယ်လို့ စိတ် ကူး လာခါမှ ဗျာ အင်ဂျင် ( စက် ) တောင် ခဲ မခြစ်တဲ့ အပတ် နဲ့ ကြုံ ရတယ်ပေါ့။
စိတ်ချမ်းသာတယ်ဆိုတာက သည်လို မြန်ဆန်တာပါ။ မှန်ကန်တာက ကညန ရဲ့ အလုပ်ပါ လုပ်ထုံးလုပ်နည်းပါ ကျွန်တော်တို့ မှန်ကန်မှု ကို သူတို့ စံ နဲ့ ယူရမှာပေါ့ အဲ မြန်ဆန်တာကတော့ ပေးသင့်ပေးထိုက်အောင် မှန်ကန် နေပြီ ဆိုရင် ဘာကြာနေစရာ လိုသလဲဗျာ မှန်ကန်ရင် မြန်ဆန် ကြမှာပေါ့ ဒါမှ လူသာဓု နတ် သာဓု ခေါ်ရမှာလေ။ မမှန်မကန်လို့ ရီဂျက် ထိတာ ပြဿနာတက်တာ ကတော့ သူ့ အပြစ် ကိုယ့် အပြစ် လေ။
No comments:
Post a Comment