ကြားရတဲ့သတင်းက မြန်မာပြည်အတွက်တော့ ဆန်းနေမှာပါ ဒါပေမယ့် သည် ကိစ္စက မြန်မာပြည်က လွဲရင် မထူးဆန်းတော့ပါ။ အာရျ နိုင်ငံများမှာ မြန်မာပြည်က ကားသုံး အနည်းဆုံးလောက်ဖြစ်နေပါသေးတယ်။ မြန်မာပြည်က ကားအရေအတွက် ဟာ ထိုင်းနိုင်ငံမှာ ဆိုရင် တစ်နှစ် ထုတ် တဲ့ ကားလောက်ပဲ ရှိပါတယ်။ ကားဈေးကျတော့ ဘာကြီးသလဲ မမေးနဲ့ ကားဟောင်း တောင် သိန်း 2000 ( ဒေါ်လာ 3 သိန်း လောက် တန်နေတယ် လေ .. လင်ခရူဇာပြောတာ )
ဒါနဲ့ ပြောမယ့်စကား ဘေးရောက် တော့မယ်။
အဲ ဘာတဲ့ ကြားရတဲ့ သတင်း
ကြားရတဲ့ သတင်းက အခု 2011 ကုန် 2012 မှာ ယာဉ်အိုယာဉ်ဟောင်းဘ၀ပြောင်း အနည်းဆုံး အလွန်ဆုံး 10 နှစ်လောက်ပဲ သက်တန်း ရှိတော့ မယ့် ယာဉ်တွေ ၀င်လာတော့မယ်လေ။
အားလုံးအတွေ့ အကြုံအရ ဘယ်သူကမှ လည်ူး အဲသည် ကားအကောင်းစား တွေကို အင်ဂျင်ပြောင်း လိုက် ဂီယာပြောင်းလိုက် အလုံးချိန်း လိုက် လုပ်နေမှာ မဟုတ်ဘူး ( နှစ်စဉ် နှစ် လဲ လိုင်စင် ၀င်နေတာပဲ သိတယ် မဟုတ်လား ) အားလုံးက 1995 အထက်တွေ လေ 2000 တွေ ကနေ 2005 လောက်ကားတွေ ဘာမှ တောင်အရာမယွင်းသေးဘူး ( သို့ သော် လူတတ် ကြီး သားသမီး များ သွင်း လာတဲ့ တရုတ် ဘတ်စ် ကြီး များ ကို တော့ မဆိုလို့ )
အဲသည်လို ကောင်းနေတဲ့ သန့် နေတဲ့ ကားတွေ ကို လိုင်စင်စစ်နေမယ်ဆိုရင် အချိန် ဖြုန်း မွေဖမ်း စာရွက်ကုန် ရုံရှိမပေါ့ ။( ငွေကုန်တာကတော့ ပိုင်ရှင်ကုန်တာလေ ။ ) ။ အဲသလိုသာစစ်နေမယ်ဆိုရင် ကားကလည်း ကောင်းနေတော့ ပိုက်ဆံလည်း ရစရာမရှိ ယာဉ်စစ် အင်ဂျင်နီ ယာ ခမြာ လက်မှတ် အလကား ထိုး နေရမှာပေါ့ ။ အေးဗျာ သည်တော့ ခေတ်မီ နိုင်ငံ တွေမှာလို စက်ပြင် လုပ်ငန်း အသိအမှတ်ပြု စက်ဆရာ ထောက်ခံ ရင် လိုင်စင်နှစ်လဲ ရတော့ မယ်လေ ။ ငါးနှစိလိုင်စင် ဆိုလား သုံး နှစ် လိုင်စင် ဆိုလား ပေးတော့ မယ် တဲ့ ဗျ။
အမှန်ကတော့ ယာဉ် ထိန်း လုပ်ငန်း ဆိုတာ ကျယ်ပြန့် လာတော့မှာ။
ယာဉ်တွေ မြို့ နဲ့ ကြပ်နေ မနေ ( မြို့တော် စည်ပင် ကလေ့လာ သုံးသပ်ချက်တွေ )
ယာဉ် အရေအတွက် ယာဉ်အရွယ်အစား လမ်းပိတ်ဆို့မှုတွေ
စည်းမဲ့ ယာဉ် ပြဿနာတွေ ( နံပါတ်မမှန် နံပါတ်တု လိုင်စင်မဲ့ လိုင်စင်တု အယောင်ဆောင် )
နံပါတ်ပြားကို မမြင်နိုင်အောင် ဖုံးထားတာတို့ တမင် တလုံးဖျက်ထားတာလို့ ပလပ်စတစ်နံပါတ်ပြားတို့
နယ်ကားနဲ့ နံပါတ်တူ ၀ိတက် အ၀ိုင်းတု ကားတို့ ကို ဖမ်းရ စစ်ဆေးရမှာပါ။
နောက်တစ်ခါ
ပိုက်ဆံရလို့ လာဘ်လာဘ ရလို့ ငွေ ပေးလို့ လွှတ်လိုက်တဲ့ ကား လွှတ်လိုက်တဲ့ ရဲ ၀န်ထမ်း။
မီးပွိုင့်မှာ လုပ်ချင်တာလုပ် လို့ ရအောင် ငွေပေးတဲ့ ကားသမား လိုင်းကြေး တောင်းတဲ့ ယာဉ်ထိန်းပွိုင့်
သည်လို ကားတွေ သည်လို ယာဉ်ထိန်းတွေ မရှိရင် ဘာဖြစ်မလဲ တိတိ ကျကျ အမှန် အကန် လုပ်ရင်
လမ်းပေါ်မှာ လမ်းအသုံးပြုသူတွေ ခရီးသွားတွေ အသက်ဘေးအန္တရာယ်တွေ ကင်းကြမှာပါ။
ကညန တို့ ယာဉ်ထိန်း တို့ တာဝန်က ခရီးသွား လမ်းအသုံးပြုသူ လမ်းပေါ်ကလူတွေ ဘေး အန္တရာယ် ကင်း ဖို့ ပဲ မဟုတ်လား ။ ကားသမားတွေ ပေးတဲ့ တန်စိုးလက်ဆောင် ကိုယူပြီး လမ်းပေါ်က လူတွေ
အပေါ် မတရားတာတော့ မလုပ်စေချင် ဘူးဗျာ။
No comments:
Post a Comment