သည်ရက်ထဲမှာတော့ ကားမှောက်ကြ တိုက်ကြ တော်တော်များများ ဖြစ်တာတွေ့ ရပါတယ်။
ရန်ကုန်မန္တလေး အဲယားကွန်း မှန်လုံယာဉ် အဖြစ်ကတော့ အဆိုးဆုံးပါပဲ။
ခရီးသည် ( ၉ ) ဥိး ပွဲခြင်းပြီး ဆုံးခဲ့ပါတယ်။
ယာဉ်တိုက် မှု ယာဉ်တိုက်မှုတွေ ထဲမှာ ည ဘက်ထွက်တဲ့ ကား နံနက် လင်းအားကြီးအချိန် ယာဉ်မောင်း
အိပ်ငိုက်တာကြောင့် မှောက်ရတဲ့ အမှု အများဆုံးပါ။ လမ်းရျည်ရင် ရှည်သလောက် ယာဉ်မောင်းဟာ
အေးလည်းအေး ငိုက်လည်းငိုက်လာပြီး လမ်းဘေး တိုက် မှောက်တာရယ် မျက်နှာချင်းဆိုင် ယာဉ်နဲ့ တိုက်တာရယ် ဖြစ်ကြတာပါပဲ။
ညကားမောင်းသူ ယာဉ်မောင်း အားလုံးဟာ နေ့ အိပ်ကြရပါတယ်။ နေ့မှာ ကောင်းစွာ မအိပ်ရတဲ့ ယာဉ်မောင်း မောင်းနှင်ရင် အိပ်ငိုက်ပြီး ဒုက္ခ ရောက်ပါမယ်။
ယာဉ်လိုင်း ပိုင်ရှင်တွေ နဲ့ ကြီးကြပ်သူများဟာ သည်လို နံနက်လင်းအားကြီး အချိန် ယာဉ်မောင်း မငိုက်အောင် ည ယာဉ်မောင်းများ နေ့ အချိန် ကောင်းစွာ အိပ်နိုင်အောင် ဆောင်ရွက်ပေးသင့်ကြောင်း အကြံပေးလိုပါတယ်။
မီးလောင်တတ်တယ် ပေါက်ကွဲတတ်တယ်။
ပြီးခဲ့တဲ့ လထဲမှာ အငှားယာဉ် တိုက်စီ အတွင်း ပိုင်းမှာ ပေါက်ကွဲမှု ဖြစ်ပြီး ယာဉ်မောင်း သေဆုံးတာ သိရပါတယ်။ နောက်ဆက်တွဲ သတင်းကတော့ ဘာမှ မကြားရပေတဲ့ ကားက ဂက်စ်ကား ဖြစ်ပြီး
ဂက်စ်က စပြီးပေါက်ကွဲတာ ဂက်စ်အိုး ပေါက်ကွဲတာ မဟုတ်ဘူးလို့ သိရပါတယ်။
သံလျှင်လိုင်းကား မီးငြိမ်းသတ်ရာမှ ပေါက်ကွဲမှုထပ်ဖြစ်။
No comments:
Post a Comment