Sunday, January 1, 2012

Chery QQ3 ပန်းချယ်ရီ လား ချာရီ လား။

ချယ်ရီ  Chery QQ3   ဆိုတဲ့ ကား ကလေးတွေ  အစဉ်း 1000  စက်မှု ၀န်ကြီးဌာန ကသွင်းလာပါတယ်။ ကမ္ဘာအေး ဘုရားလမ်းမှာ အရင်လာ အရင်စနစ်နဲ့ ရောင်း ချလိုက်တာ  ရက်ပေါင်း ၂၀  အတွင်း ရောင်း လို့ ကုန်သွားပါတယ်။   နောက်ထပ် ထပ်မှာယူထားတယ်လို့ သိ၇ပါတယ်။
သည်ကားငယ်လေးတွေက   ဆလင်ဒါ  ( ၃ ) လုံး    ၈၀၀ စီစီ   ရှိပြီး ရှေ့ဘီးမောင်း  ရှေ့ယက် ကားကလေးတွေပါ။   သည်ကားလေးတွေက   2003   မိုဒယ် ပုံစံ လေးတွေ ဖြစ်ပါတယ်   လေအေးစက်  ပါပါတယ်။
         မြန်မာပြည်မှာ တပ်ဆင်တဲ့ ကား  ချယ်ရီ မီနီ  နဲ့  အနည်းငယ်ကွာပါတယ်။   တရုပ်က အစီး လိုက် ၀င်တဲ့ ကာူးက   ဘီးခွေ  အလွိုင်း ပါပါတယ်။    အီလက်ထရွန်နစ် အင်ဂနစ်တာ အက်ဂနစ်ရှင်းပါ။ မိုင်း လင့် အိုဒို မီတာ လည်း အီလက်ထရွန်နစ်   အယ်လစီဒီပါ။    အင်ပီ ( ယူအက်စ ဘီ ပလေယာ ) ပါပါတယ်။
အခုရက်ပိုင်း ၀င်တဲ့ ယာဉ်တွေကို  ၇ဂ  ( ခွန်နစ် ဂငယ်  )  ပေးပါတယ်။
        ဆီ စားနှုန်းကတော့ အတော် သက်သာမှာပါ  ၈၀၀  စီစီ  ဆိုတော့ ဟိုယခင်က   ဖင်မလီယာ  အင်ဂျင်အရွယ်ပါပဲ  ၊ သို့သော်ခေတ်မီ နည်းပညာ ခေတ် ဖြစ်တာမို့ လေအေးစက်လည်း သုံးနိုင်ပြီး  ပစ်စတင် ဆလင်ဒါ ၃ လုံး နဲ့ တည်ဆောက်ထားတာမို့ အဆွဲ အရုန်း   တောင် ပို သာပါတယ် တဲ့။

No comments:

Post a Comment