ပတ်ဘလစ်ကာ ဆန်နီ လို့ ခေါ် တဲ့ ပစ်ကပ် ကားတွေ စင်းလုံးငှား လိုင်စင် တွေ ရုပ်သိမ်း အပြီးမှာ စင်းလုံးငှား လူစီးကုန်တင် လို့ ရတာ ဆိုလို့ လေးဘီး ကားပဲ ကျန်တော့ တယ်။ လေးဘီး ပစ်ကပ် ဘီ ၆၀၀ ဘီ ၃၆၀ ကလည်း အခု မကြာခင် နှစ် ၄၀ နှစ် ၃၀ နဲ့ သွားကြရတော့မယ် ဆိုတော့ ကျောင်းသားတွေ သုံးတဲ့ ကျောင်းကား ဈေး သည်တွေ ကြိုတဲ့ ဈေးကြို ကား ။ မောင်း ရောင်း တွေ နဲ့ ကုန်တွေ သယ်ပို့ ရောင်းချ ကြရတဲ့ ဈေးရောင်းကား တွေ အဖြစ် တောင်းအေ့စ် ပစ်ကပ် ( လိုက်ထရပ်စ ) ယာဉ်တွေ မြန်မာပြည်က ထုတ် တွေ ကို သုံးလာပါတယ် ( ထုတ်တယ်ပဲ ဆိုကြပါတော့ ဗျာ သိသိကြီး နဲ့ ကြောင်ရတာ ကျတော့ ပါးစပ်ယား ပါတယ် ) 1000ကေဂျီ ကားတွေ ပေါ့ဗျာ ။
အဲသည်ကားတွေ ကို လုပ်ငန်ူး လိုင်စင် က ခ ဂ ဃ င စ မပေး ( မထုတ်ပေး ပဲ နဲ့ ) ဘယ်လိုများ အသုံးပြုခွင့်တွေ ရနေကြသလဲ ဗျာ။ ဒါတွေ ဟာ ထိထိ ရောက်ရောက် ဖြစ်ဖြစ် အလျင်အမြန် ဖြစ်ဖြစ် ဆောင် ရွက်သင့်တဲ့ လုပ်ငန်း မျိုးတွေ မဟုတ် ဘူးလားဗျာ ။ အပြစ်ဖြစ် နေလို့ အပြစ် ဖြစ်နေတဲ့ ကိစ္စတွေ ကို ဥပဒေနဲ့ အညီ ဖြစ်အောင် စီမံ ခန့်ခွဲမှုတွေ လုပ်ဖို့ မလိုဘူးလားဗျာ ။ ဥပဒေ အတိုင်း သူ့အစီအစဉ် နဲ့ သူ လိုင်စင် ထုတ်ပေး လိုင်စင် ကို ဥပဒေ နဲ့ အညီ အသုံးပြုခွင့် ပေးလိုက်မှ သုံးကြသူတွေ လည်း ( အလုပ် လုပ်စား သူတွေ လည်း ) ဥပဒေနဲ့ အညီ ဖြစ်ကြမှာပေါ့ သည်တော့ ပို့ ဆက် ရှိသေးတယ် လုပ်ငန်း လိုင်စင် ရှိသေးတယ် ဆိုရင်လည်း ဥပဒေ အရ လုပ်ငန်းလိုင်စင်တွေ ခွင့်ပြုပေးသင့်တယ် လို့ .......
Sunday, October 23, 2011
ကြားရတဲ့ သတင်း နဲ့ ဖြစ်နိုင်ခြေ
ကြားရတဲ့သတင်းက မြန်မာပြည်အတွက်တော့ ဆန်းနေမှာပါ ဒါပေမယ့် သည် ကိစ္စက မြန်မာပြည်က လွဲရင် မထူးဆန်းတော့ပါ။ အာရျ နိုင်ငံများမှာ မြန်မာပြည်က ကားသုံး အနည်းဆုံးလောက်ဖြစ်နေပါသေးတယ်။ မြန်မာပြည်က ကားအရေအတွက် ဟာ ထိုင်းနိုင်ငံမှာ ဆိုရင် တစ်နှစ် ထုတ် တဲ့ ကားလောက်ပဲ ရှိပါတယ်။ ကားဈေးကျတော့ ဘာကြီးသလဲ မမေးနဲ့ ကားဟောင်း တောင် သိန်း 2000 ( ဒေါ်လာ 3 သိန်း လောက် တန်နေတယ် လေ .. လင်ခရူဇာပြောတာ )
ဒါနဲ့ ပြောမယ့်စကား ဘေးရောက် တော့မယ်။
အဲ ဘာတဲ့ ကြားရတဲ့ သတင်း
ကြားရတဲ့ သတင်းက အခု 2011 ကုန် 2012 မှာ ယာဉ်အိုယာဉ်ဟောင်းဘ၀ပြောင်း အနည်းဆုံး အလွန်ဆုံး 10 နှစ်လောက်ပဲ သက်တန်း ရှိတော့ မယ့် ယာဉ်တွေ ၀င်လာတော့မယ်လေ။
အားလုံးအတွေ့ အကြုံအရ ဘယ်သူကမှ လည်ူး အဲသည် ကားအကောင်းစား တွေကို အင်ဂျင်ပြောင်း လိုက် ဂီယာပြောင်းလိုက် အလုံးချိန်း လိုက် လုပ်နေမှာ မဟုတ်ဘူး ( နှစ်စဉ် နှစ် လဲ လိုင်စင် ၀င်နေတာပဲ သိတယ် မဟုတ်လား ) အားလုံးက 1995 အထက်တွေ လေ 2000 တွေ ကနေ 2005 လောက်ကားတွေ ဘာမှ တောင်အရာမယွင်းသေးဘူး ( သို့ သော် လူတတ် ကြီး သားသမီး များ သွင်း လာတဲ့ တရုတ် ဘတ်စ် ကြီး များ ကို တော့ မဆိုလို့ )
အဲသည်လို ကောင်းနေတဲ့ သန့် နေတဲ့ ကားတွေ ကို လိုင်စင်စစ်နေမယ်ဆိုရင် အချိန် ဖြုန်း မွေဖမ်း စာရွက်ကုန် ရုံရှိမပေါ့ ။( ငွေကုန်တာကတော့ ပိုင်ရှင်ကုန်တာလေ ။ ) ။ အဲသလိုသာစစ်နေမယ်ဆိုရင် ကားကလည်း ကောင်းနေတော့ ပိုက်ဆံလည်း ရစရာမရှိ ယာဉ်စစ် အင်ဂျင်နီ ယာ ခမြာ လက်မှတ် အလကား ထိုး နေရမှာပေါ့ ။ အေးဗျာ သည်တော့ ခေတ်မီ နိုင်ငံ တွေမှာလို စက်ပြင် လုပ်ငန်း အသိအမှတ်ပြု စက်ဆရာ ထောက်ခံ ရင် လိုင်စင်နှစ်လဲ ရတော့ မယ်လေ ။ ငါးနှစိလိုင်စင် ဆိုလား သုံး နှစ် လိုင်စင် ဆိုလား ပေးတော့ မယ် တဲ့ ဗျ။
အမှန်ကတော့ ယာဉ် ထိန်း လုပ်ငန်း ဆိုတာ ကျယ်ပြန့် လာတော့မှာ။
ယာဉ်တွေ မြို့ နဲ့ ကြပ်နေ မနေ ( မြို့တော် စည်ပင် ကလေ့လာ သုံးသပ်ချက်တွေ )
ယာဉ် အရေအတွက် ယာဉ်အရွယ်အစား လမ်းပိတ်ဆို့မှုတွေ
စည်းမဲ့ ယာဉ် ပြဿနာတွေ ( နံပါတ်မမှန် နံပါတ်တု လိုင်စင်မဲ့ လိုင်စင်တု အယောင်ဆောင် )
နံပါတ်ပြားကို မမြင်နိုင်အောင် ဖုံးထားတာတို့ တမင် တလုံးဖျက်ထားတာလို့ ပလပ်စတစ်နံပါတ်ပြားတို့
နယ်ကားနဲ့ နံပါတ်တူ ၀ိတက် အ၀ိုင်းတု ကားတို့ ကို ဖမ်းရ စစ်ဆေးရမှာပါ။
နောက်တစ်ခါ
ပိုက်ဆံရလို့ လာဘ်လာဘ ရလို့ ငွေ ပေးလို့ လွှတ်လိုက်တဲ့ ကား လွှတ်လိုက်တဲ့ ရဲ ၀န်ထမ်း။
မီးပွိုင့်မှာ လုပ်ချင်တာလုပ် လို့ ရအောင် ငွေပေးတဲ့ ကားသမား လိုင်းကြေး တောင်းတဲ့ ယာဉ်ထိန်းပွိုင့်
သည်လို ကားတွေ သည်လို ယာဉ်ထိန်းတွေ မရှိရင် ဘာဖြစ်မလဲ တိတိ ကျကျ အမှန် အကန် လုပ်ရင်
လမ်းပေါ်မှာ လမ်းအသုံးပြုသူတွေ ခရီးသွားတွေ အသက်ဘေးအန္တရာယ်တွေ ကင်းကြမှာပါ။
ကညန တို့ ယာဉ်ထိန်း တို့ တာဝန်က ခရီးသွား လမ်းအသုံးပြုသူ လမ်းပေါ်ကလူတွေ ဘေး အန္တရာယ် ကင်း ဖို့ ပဲ မဟုတ်လား ။ ကားသမားတွေ ပေးတဲ့ တန်စိုးလက်ဆောင် ကိုယူပြီး လမ်းပေါ်က လူတွေ
အပေါ် မတရားတာတော့ မလုပ်စေချင် ဘူးဗျာ။

ကားလိုင်စင်ဝင်၇တာ အလွယ်ဆုံး အချိန် ပါပဲ ဗျာ
20-10-2011 နေ့က ရန်ကုန် မြင်သာ ကညန မှာ လိုင်စင် သွားဝင်ပါတယ်။ ကားက ပြည်တွင်းဖြစ် စစ်စစ် ဖြစ်တဲ့ ရှမ်းစတား ။ သည်လ သည်ရာသီမှာ ရှမ်းစတား တွေ ပြည်တွင်းဖြစ်တွေ လိုင်စင်ဝင်တဲ့အချိန် ပေါ့ ။
လိုင်စင် အမည်ပေါက် တဲ့ သူ လည်း မလို ဘူး လာရောက်ဆောင်ရွက်တဲ့ သူရဲ့ မှတ် ပုံတင်ပဲ လိုတယ်။ ရဲမှု ကင်းရှင်းကြောင်း ၅၁ လမ်း ထောက်ခံချက် လည်း မလိုဘူး။ မနှစ်က ဆိုရင် ယာဉ်ထိန်း ထောက်ခံချက် ရော ပိုင်၇ှင် ကိုယ်တိုင် သို့ မဟုတ် လွှဲစာ ကော လိုပါတယ်။
သည်လို လွယ်လွယ်ကူကူ ဖြစ်ရတဲ့အကြောင်း မေးကြည့်ပြန်တော့ ဒါက ကျုပ်တို့ မြန်မာ့ စတိုင်လေ တစ်လ 2 ခါလောက်ပြောင်းချင်ပြောင်းမယ်။ ဒီနေ့နဲ့ နက်ဖြန်လည်း မတူဘူး အခုလို လွယ်နေတယ် မို့ ၀မ်းမသာ နဲ့ နောက် ၂ ရက် ၃ ရက် ကျ ရင် သတ်မှတ်ချက် က တစ်မျိုးပြောင်းမှာ ဒါ မြန်မာ ဆိုလို့ အေးလေ ဟုတ်သားပဲ ဒို့ မြန်မာနိုင်ငံမှာ မရဘူး ဆိုရင် ရတယ် ။ ရတယ် ဆိုရင် မရ ဘူး လို့ မှတ် ဆိုတဲ့ ပွဲစားစကားလေး များကို မှတ်သားရင်း မနက် ၈း၃၀ မှာ လိုင်စင်ဝင်ပြီး ၁၀း၃၀ တိတိ မှာ ၀ိတက် ( ဘီးခွန် ရော စာအုပ်ပါ ) ထွက် လိုင်စင် အပြီးရခဲ့ ပါတယ်။
အော် ပြောရဦးမယ်။ အဲသည်နေ့က ကားလိုင်စင် ၀င် ဖို့ တန်းစီ ထား တာ ဆိုလို့ 1 2 3 4 5 အော် လက် တစ်ဖက်က လက်ချောင်းတောင် မပြည့်ပါလားနော် ။ နောင် ဆိုရင် နိုင်ငံခြားမှာ လို စာတိုက်ကနေ သက်ဆိုင်ရာ ၀ပ်ရှော့ ထောက်ခံချက် နဲ့ လိုင်စင် သစ် ယူ ကြတော့ မလား မသိပါဘူးနော်။
အမှန်တစ်ကယ်ပြောရရင် ကျွန်တော် စိတ်ချမ်းသာရပါတယ် ။ ကျွန်တော် ကသည်နှစ် ကားကို လည်း ဆေး သေသေချာချာသုတ်သွားတယ် တာယာကလည်း အသစ် ။ ခေါင်းမော့ ပြီး ၀င် မယ်လို့ စိတ် ကူး လာခါမှ ဗျာ အင်ဂျင် ( စက် ) တောင် ခဲ မခြစ်တဲ့ အပတ် နဲ့ ကြုံ ရတယ်ပေါ့။
စိတ်ချမ်းသာတယ်ဆိုတာက သည်လို မြန်ဆန်တာပါ။ မှန်ကန်တာက ကညန ရဲ့ အလုပ်ပါ လုပ်ထုံးလုပ်နည်းပါ ကျွန်တော်တို့ မှန်ကန်မှု ကို သူတို့ စံ နဲ့ ယူရမှာပေါ့ အဲ မြန်ဆန်တာကတော့ ပေးသင့်ပေးထိုက်အောင် မှန်ကန် နေပြီ ဆိုရင် ဘာကြာနေစရာ လိုသလဲဗျာ မှန်ကန်ရင် မြန်ဆန် ကြမှာပေါ့ ဒါမှ လူသာဓု နတ် သာဓု ခေါ်ရမှာလေ။ မမှန်မကန်လို့ ရီဂျက် ထိတာ ပြဿနာတက်တာ ကတော့ သူ့ အပြစ် ကိုယ့် အပြစ် လေ။

Sunday, October 9, 2011
အ၀ယ်မမှား အရောင်းမမှား ရအောင်
မြန်မာနိုင်ငံက ကားလုပ်ငန်းဟာ အစဉ်သဖြင့် လှုပ်ခတ် နေပါတယ်။
ကားဈေးကွက်ဆိုတာကလည်း မှောင်ခိုခေတ် နဲ့ ပါမစ်ခေတ်မှာ စပ်ကူးမတ်ကူး ပေါ်လာတဲ့ ပွဲစားတန်း ဈေးကွက်က စခဲ့ပါတယ်။
နောက်ပိုင်းကျမှ အစိုးရက နိုင်ငံခြားဝင်ငွေရှိသူတွေ တရားဝင်တင်သွင်းခွင့် ပြုပြီး ပတ်ဗလစ်ကာ ဆန်နီ 1500 ဟိုင်းလတ် စတဲ့ သင်္ဘောသား ကားတွေ နဲ့ စခဲ့ရတာ။
အဲသည်အချိန်မှာတော့ ဗိုလ်အောင်ကျော် ဗိုလ်မြတ်ထွန်း ပွိုင့်တွေ ဆိုပြီး လမ်းဘေး မှာ ရောင်းဝယ်ခဲ့ကြတယ် အီဒင်လမ်း ဆေးရုံဘေးမှာ အရောင်းအ၀ယ်လုပ်ကြတယ်။
အခုတော့ သချိုင်းမြေ လတ်လတ်ဆတ်ဆတ် ( စလုပ်ခဲ့ရတုန်းက ပြောတာပါ) ခုတော့လည်း ဘယ်သူမှ သိပ်မသိချင်ယောင်ဆောင်နေရတဲ့ ကြံတောသုသာန်မြေမှာ ပွဲစားတန်း / တရားဝင်
ယာဉ်ရောင်းဝယ်ရေးစခန်း လုပ်ကြရတာပါ။
အခုလည်း ပါမစ်ခေတ် က တော့ ပါမစ်ခေတ် ပါပဲ ဟိုတုန်းက မရှိခဲ့တဲ့ မရှိခဲ့ဖူးသေးတဲ့
ခေတ်တစ်ခေတ် ဖြစ်တဲ့
ခိုးသွင်း ခေတ်ကိုတော့ 2009 / 2010 / 2011 တွေမှာ ဖြတ်သန်းနေကြပါတယ်။
ပြောရရင်တော့ 1974 ကိုရိုလာ ကေအီး 25 ကိုရိုလာ ကရ၀ိက် ခေတ် ကတည်းက ယနေ့တိုင်
37 နှစ် တိတိ ရှိပြီ ဖြစ်တဲ့ လမ်းဘေးမှာ သချိုင်းကုန်း ဟောင်းတွေမှာ အရောင်းအ၀ယ်လုပ်ရတဲ့
ဈေးကွက် ရှိနေတုန်းပါပဲ။
ဘယ်တော့များမှ ပိုက်ဆံ သိန်း ထောင်ကျော်ကို ရှိုးခန်း ပြခန်း အရောင်းခန်းတွေမှာ
ရောင်းဝယ်ကြရပါ့မလဲ
1950 ၀န်းကျင် လွန်ခဲ့တဲ့ နှစ် ၆၀
အဲသည်ခေတ်က က မြန်မာပြည်မှာ
အော်တိုကား ( အလံပြဘုရားလမ်း ယော့လမ်းထိပ် အခု ဟိုတယ်နေရာ )
အင်ဇိုင်း ( ပန်းဆိုးတန်းလမ်း )
စတီးဘုရားသား သံလျက်စွန်း
မော်စကိုဗစ်
မြစိန်
ထူးထောက်ပံ့ရေး
ပင်လုံကူးသန်းရောင်း ၀ယ်ရေး
အေးအင်ဆန်း
စတာတွေကနေ မာစီးဒီး လင့်ရိုဘာ ဗောက်စ၀က်ဂွန် ဖီးယက် ဖို့ ချက်ပလက် နီဆန်း တိုယိုတာ ကားတွေ တင်သွင်းရောင်းချခဲ့တာပေါ့။ ဒါတွေဟာအိပ်မက်လည်းမဟုတ် ယုံတမ်းလည်းမဟုတ်ပါဘူး ။
မာရီလင်မွန်ရိုး နဲ့ ယူဘရိုင်းနား မာစီးဒီးစီးနေတုန်းက မြန်မာပြည်က အေ၀မ်းဦးတင်မောင် တို့ ကြည်ကြည်ဌေး တို့ သည် မာစီးဒီး ကိုပဲ စီးခဲ့ ကြတာလေ။ ( ဃ ) နံပါတ် မာစီးဒီးဗင့် 180 / 190 တွေ ပေါ့ဗျာ။ မင်းသား ကိုချမ်းသာ တို့ ဆိုရင် ကျွန်တော်တို့ နဲ့ ကျောင်းတက်စဉ်က မာစီးဒီး 220အက်စ် နဲ့ ကျောင်းတက်တာပါ သူ့အဖေရွှေမန်း ဦးတင်မောင်ဆိုတာကလည်း သားသမီးတွေကို နိုင်ငံခြား မှာတောင် ကျောင်းထားနိုင်တာကိုး ။
အခုကော အခုလည်းပဲ မြန်မာ ပြည်က အချမ်းသာဆုံးပါပဲဗျာ 2007 မော်ဒယ် ဆိုက်ဂနပ် ကို ဂျပန် လူမျိုးတွေ အမေရိကန် လူမျိုးတွေ ဒေါ်လာ 3 4သောင်း လောက် ပဲ ပေးပြီးစီးနေရချိန် ကျွန်တော်တို့ မြန်မာတွေက သိန်း 2000 ကျော် ( ယူအက်စ် ဒေါ်လာ ၂ သိန်းကျော် အဆပေါင်း ( ၅ဆ ) လောက် ပိုပေးပြီး စီးနေကြတာလေ ။အခုလည်းပဲ ဒေါ်လာ ၂၀၀၀ - ၃၅၀၀ ပဲတန်တဲ့ ကားဟောင်းတွေ ဟာ မြန်မာပြည်မှာ သိန်း 300 ဒေါ်လာ 30000 လောက်ပေးပြီးစီးနေကြတာပဲ။ သြစီက ကျောင်းတက်နေတဲ့ ကလေးတယောက်ပြောဖူးတယ် သြစီ မှာ 5000 ( မြန်မာငွေ သိန်း 50 ပေးရင် ကားသစ် တစ်စီး စီးနိုင်ပါသတဲ့ )
ထားပါတော့လေ သိန်း 20 25 30 35 လောက်ပဲ အဆင့်ဆင့်တန်တဲ့ မာဇဒါလေးဘီး ဖင်မလီယာကစလို့ ဖီးယက် အော်စတင် ချက်ပလက် ကောင်ဆယ် အဆုံး စဆ ဇဈ ကားတွေ ပါမစ် ထုတ်ပေးမယ်ဆိုတော့ 70 80 100 120 ဖြစ်သွားတာ ဟာလည်း ထူးခြားလှပါတယ် ကမ္ဘာမှာ မြန်မာပေါ့။
1950 ၀န်းကျင်က အင်္ဂလိပ် အမေရိကန် ပြင်သစ် ဂျပန် ကုမ္ပဏီတွေ အသီးသီး လာဖွင့် ခဲ့သလိုမျိုး မြန်မာနိုင်ငံမှာ ကားကူမ္ပဏီတွေ လာဖွင့်ခွင့် ပေးရင်တော့ တရုပ် ကားတွေလည်း အလျင်ဆုံး လာဖွင့်ဖို့ အသေအချာပါပဲ အာဆီယံ ကုမ္ပဏီတွေ လည်း လာလိမ့်မယ်။
အဲသည်အခါကျရင် ကားဈေး ဖုန်းဈေး အိမ်မြေဈေးတွေ ဘယ်လိုဖြစ်မယ်ဆိုတာတော့ ကြိုတင်တွေးထားဖို့ လိုပါမယ်။
အခုကော ပြဿနာ ဒဏ်ရာပေါင်းများစွာနဲ့ မြန်မာ့စက်မှုဇုံ ထုတ် ဟိုင်းအေ့စ် တောင်းအေ့စ် တွေ ရဲ့ ကိစ္စ ကလည်း လှုပ်ခပ်နေဆဲ ပါ ဆိုတာ။ ။
မော်တော်ယာဉ် ဈေးဝယ်လမ်းညွှန် Myanmar Auto Buyer's Guide
မော်တော်ယာဉ် ဈေးဝယ်လမ်းညွှန် အကျိုးဆောင်များ က တင်ထားတဲ့ ဘလော့ဂ် ကလေးပါ။
မော်တော်ယာဉ်အကြောင်း။သိလိုသူများ။
မော်တော်ယာဉ် ရောင်းလို ၀ယ်လို သူများ ။
စုံစမ်း မေးမြန်းနိုင်ပါတယ်။ ၀င်ရောက်ရေးသားနိုင်ပါတယ်။
Subscribe to:
Comments (Atom)